မန်ယူအသင်းဟာ နည်းပြတန်ဟတ်ဂ်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးသုံးသပ်ခဲ့ပြီးနောက် လာမယ့် ရာသီမှာ ဆက်လက် တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဘုတ်အဖွဲ့က ပြန်လည်သုံးသတ်မှုပြုလုပ်ခဲ့ပြီးနောက် နည်းပြ တန်ဟတ် အသင်းမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။
အသင်းကနေ ထုတ်ပယ်ခံရမယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာစီးတီးအသင်းကို အနိုင်ရပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကြောင့် တန်ဟတ်ဟာ နည်းပြအဖြစ်ဆက်ရှိဖို့ အခြေအနေကောင်းခဲ့တာ ဖြစ်ပါတယ်။
တန်ဟတ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက နောက်ဆုံးရာသီကို ရောက်ပြီဖြစ်လို့ သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းက ဆွေးနွေးသွားဖွယ်ရှိပါတယ်။
မန်ယူအသင်းမှာ ဆက်ရှိစေဖို့အတွက် အက်ဖ်အေဖလားချန်ပီယံ ရယူပေးခဲ့တဲ့အပြင် နည်းပြတန်ဟတ်ဂ်ကို ကယ်တင်ခဲ့တဲ့ အချက် ၅ ချက်ကို ဒေးလီးမေးလ်ရဲ့ဆောင်းပါးရှင် နသန်ဆော့သ်က သုံးသပ်သွားပါတယ်။
နံပါတ်တစ်အချက်က လူငယ်ကစားသမားတွေကို နေရာပေးပြီး ခြေစွမ်းတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး နံပါတ်နှစ်အချက်က ဒဏ်ရာရ ကစားသမားတွေ များပြားခဲ့တာကြောင့် နည်းပြတန်ဟတ်ဂ်အတွက် အခက်အခဲဖြစ်စေခဲ့တဲ့အချက်ပါ။
ဒါ့အပြင် ဂိုးသမားအိုနားနား၊ မေဆန်မောင့်၊ ဟွိုက်လန်း အစရှိသဖြင့် ခေါ်ယူခဲ့တဲ့က စားသမားတွေဟာ လာမယ့်ရာသီမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည် ရရှိနိုင်တဲ့အချက်ဖြစ်ပါတယ်။
နောက်ထပ် အချက်တွေကတော့ စီမံခန့်ခွဲမှုအဖွဲ့သစ်က နည်းပြတန်ဟတ်ဂ်ကို ထောက်ခံ အားပေးခဲ့တာနဲ့ အစားထိုးဖို့ ကြိုးပမ်းခဲ့တဲ့ တခြားသောနည်းပြတွေနဲ့ အဆင်မပြေဖြစ်ခဲ့တာလည်း ပါဝင်ကြောင်း ဆောင်းပါးရှင် နသန်ဆော့သ် က ရေးသားသွားခဲ့ပါတယ်။
Photo- Reuters