မန်ယူအသင်းနည်းပြအဲရစ်တန်ဟတ်ဂ်ဟာ စာချုပ်သစ်အရ လုပ်ခလစာတိုးမြှင့်ရရှိမယ်လို့ သိရ ပါတယ်။
လက်ရှိအချိန်မှာ စာချုပ်သက်တမ်းတိုးဖို့ကိစ္စ မပြီးပြတ်သေးပေမဲ့ နောက်ဆုံးအဆင့် ရောက်ရှိနေပြီး မကြာခင်မှာ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ရှိပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ တစ်နှစ် လုပ်ခ ပေါင် ၉ သန်းလောက် ရရှိနေတာဖြစ်ပြီး စာချုပ်သစ်အရ အဲဒီထက်ပိုများတဲ့ လုပ်ခလစာရရှိသွားမှာပါ။
စာချုပ်သစ်လက်မှတ်ထိုးနိုင်ဖို့ ဆွေးနွေးနေဆဲဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုထားပြီး သက်တမ်းတိုးဖို့က အသေးစိတ်အချက်တွေရှိသေးတာကြောင့် လွယ်ကူတဲ့အရာတော့ မဟုတ်ကြောင်း ဟော်လန်ရုပ်သံတစ်ခုနဲ့ ယူရိုသုံးသပ်ချက် အစီအစဉ်မှာ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ မန်ယူနဲ့ ၂ နှစ်တာဝန်ယူခဲ့ပြီးချိန်မှာ ဆုဖလားနှစ်လုံးရရှိခဲ့တာကြောင့် အသင်းဘက်က ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။