ပြင်သစ်လက်ရွေးစင်အသင်းအပေါ် လူမျိုးရေးခွဲခြားခဲ့တာနဲ့ ပတ်သက်ပြီး ချဲလ်ဆီးအသင်းဖော်တွေကို ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်က ပြန်တောင်းပန်ခဲ့ပါတယ်။
အာဂျင်တီးနားက ကိုလံဘီယာကို အနိုင်ရပြီး ကိုပါအမေရိကဖလားချန်ပီယံ ရယူနိုင်ခဲ့ပြီးနောက်မှာ အာဂျင်တီးနားအသင်းသားတွေက ဘတ်စ်ကားပေါ်မှာ သီချင်းတွေဆိုပြီး အောင်ပွဲခံခဲ့ကြတာပါ။
ပြင်သစ်လက်ရွေးစင်အသင်းသားတွေဟာ အန်ဂိုလာက လာကြသူတွေဖြစ်ပြီး အမေက နိုင်ဂျီးရီးယား၊ အဖေက ကင်မရွန်းလူမျိုးတွေ ဖြစ်တယ်ဆိုတဲ့ စာသားတွေကို အန်ဇိုဖာနန်ဒက် အပါအဝင် ကစားသမားတွေက သီချင်းလုပ်ပြီး လှောင်ပြောင်ခဲ့ကြတာပါ။
အဲဒီအပေါ်မှာ ချဲလ်ဆီးအသင်းက ပြင်သစ်ကစားသမားတွေကလည်း စိတ်ဆိုးဒေါသထွက်ခဲ့ပြီး ဆိုရှယ်မီဒီယာတွေမှာ အန်ဇိုဖာနန်ဒက်ကို Unfollow လုပ်ခဲ့ပါသေးတယ်။
အန်ဇိုဟာ အသင်းနဲ့ ပြန်လည်ပူးပေါင်းချိန်မှာတော့ ချဲလ်ဆီးအသင်း အပါအဝင် ပြင်သစ် ကစားသမားတွေဖြစ်တဲ့ ဖိုဖာနာ၊ ဂတ်စ်တို၊ ဒီဆာစီ၊ အန်ကန်ကူ အစရှိတဲ့ ကစားသမားတွေကို ပြန်လည်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters