မန်စီးတီးအသင်းနဲ့ အနာဂတ်ကို ပါရီအိုလံပစ်ပြိုင်ပွဲပြီးမှ ဆုံးဖြတ်ချက်ချမယ်လို့ တိုက်စစ်မှူး အယ်ဗာရက်ဇ်က အတည်ပြုသွားပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ အိုလံပစ်အသင်းနဲ့အတူ ပြင်သစ်မြေမှာ ယှဉ်ပြိုင်ကစားနေတာပါ။
အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူးဟာ မန်စီးတီးနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားပေမဲ့ အသင်းမှာဆက်ရှိဖို့ မသေချာတဲ့အခြေအနေ ရောက်ရှိနေတာပါ။
အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးနေပြီး အိုလံပစ်ပြိုင်ပွဲအပေါ်မှာပဲ အာရုံစိုက်ချင်တာကြောင့် ပြိုင်ပွဲပြီးမှ မန်စီးတီးနဲ့ အနာဂတ်အပေါ် ဆုံးဖြတ်ချက်ချမယ်လို့ အယ်ဗာရက်ဇ်က ပြောပါတယ်။
အယ်ဗာရက်ဇ်ဟာ ၂၀၂၂ ခုနှစ်က မွေးရပ်မြေကလပ် ရေးဗားပလိတ်အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး မနှစ်က ပြိုင်ပွဲစုံ ၅၄ ပွဲမှာ ၁၉ ဂိုးသွင်းပြီး ၁၃ ကြိမ်အထိ ဂိုးဖန်တီးခဲ့ပါတယ်။
Photo-Reuters