မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြတန်ဟတ်ဂ်ကို ဆက်လက်တာဝန်ပေးခဲ့တဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ဂိုးသမား အိုနားနားက ပြောပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်ဆိုးတွေကြောင့် နည်းပြတန်ဟတ်ဂ်နဲ့ လမ်းခွဲဖို့ စီစဉ်ခဲ့ပေမဲ့ ရာသီသိမ်းကာလမှာ အက်ဖ်အေဖလား ရယူနိုင်ခဲ့တာကြောင့် ဆက်လက် တာဝန်ပေးအပ်ခဲ့တာပါ။
နည်းပြတန်ဟတ်ဂ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ချက်ပေးနိုင်သူ မဟုတ်ပေမဲ့လည်း အသင်းဘက်က မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ကြောင်း၊ ကစားသမားတဦးအနေနဲ့ အသင်းနည်းပြရဲ့ ညွှန်ကြားချက်တွေကို လိုက်ဖို့အတွက် အသင့်ရှိကြောင်း ဂိုးသမား အိုနားနားက ပြောပါတယ်။
မန်ယူအသင်းဟာ ရာသီကြိုခြေစမ်း ၃ ပွဲကစားအပြီးမှာ ၂ ပွဲရှုံးပြီး တပွဲသာ နိုင်ပွဲရရှိထားပါတယ်။
Photo-Reuters