ဘရာဇီးတောင်ပံကစားသမား အန်တိုနီ အနေနဲ့ မန်ယူအသင်းကနေ ထွက်ခွါဖို့ ဆန္ဒမရှိကြောင်း အေးဂျင့်ဖြစ်သူက အတည်ပြုသွားပါတယ်။
အန်တိုနီဟာ မနှစ်ကရာသီမှာ မန်ယူအတွက် စုစုပေါင်း ၃၈ ပွဲ ကစားခဲ့ရာမှာ ၃ ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။
နည်းပြ အဲရစ်တန်ဟတ်ဂ်ရဲ့ အရောင်းစာရင်းမှာ ပါဝင်နေပေမဲ့ ကစားသမားဖြစ်သူဘက်ကတော့ အသင်းမှာဆက်ရှိဖို့ ဆန္ဒရှိနေတာပါ။
အီတလီဂျာနယ်လစ် ရိုမန်နိုရဲ့ ဖော်ပြချက်အရ အန်တိုနီရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမဲ့ မန်ယူအသင်းမှာ ဆက်ရှိဖို့က သူ့ရဲ့ဆန္ဒဆိုတာ ရှင်းလင်းကြောင်း အေးဂျင့် ပတ်ရိုဆိုက ပြောခဲ့တာပါ။
အန်တိုနီဟာ မန်ယူအသင်းအတွက်ပဲ အာရုံစိုက်ထားတယ်ဆိုတာ အသင်းကိုလည်း ပြောပြထားပြီး ဖြစ်ကြောင်း အေးဂျင့် ပတ်ရိုဆိုက ပြောသွားပါတယ်။
Photo-Reuters