အာဂျင်တီးနားနဲ့ ေမာ်ရိုကိုတို့ ကစားခဲ့တဲ့ အိုလံပစ်ပွဲစဉ်မှာ ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်ခဲ့လို့ ၂ နာရီနီးပါး ရပ်နားခဲ့ရပြီး ပရိသတ်မပါဘဲ ပွဲကိုပြန်စခဲ့ရပါတယ်။
ေမာ်ရိုကိုအသင်းဟာ အာဂျင်တီးနားကို ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းက ချေပဂိုးသွင်းယူပြီးနောက် တဂိုးသွင်းယူတဲ့အချိန် ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းရဲ့ ဒုတိယချေပဂိုးကို ဒိုင်လူကြီးက VAR ဆုံးဖြတ်ချက်နဲ့ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း ဒုတိယချေပဂိုးသွင်းပြီး အောင်ပွဲခံချိန် ပရိသတ်တွေက ကွင်းအတွင်း ရေသန့်ဘူးတွေ၊ အအေးခွက်တွေ ပစ်ပေါက်ခဲ့ကြပြီး ကွင်းအတွင်း ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒိုင်လူကြီးက ကစားသမားတွေအားလုံး ကွင်းထဲကနေ ၁ နာရီနဲ့ မိနစ် ၄၀ ကျော်ကြာ ထွက်ခွာခိုင်းခဲ့ရပြီးမှ လက်ကျန် ပွဲချိန် ၃ မိနစ်ကို ပြန်လည်ကစားခဲ့ရကာ ေမာ်ရိုကိုက ၂-၁ ရလဒ်နဲ့ပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ေမာ်ရိုကိုအသင်းအတွက် ဂိုးတွေကို ရာဟီမီ တဦးတည်းက ၂ ဂိုးသွင်းယူခဲ့ပြီး အာဂျင်တီးနားအတွက် ချေပဂိုးကို အက်သလက်တီကိုနည်းပြ ဆီမြွန်နီရဲ့သား ဂူလီယာနိုဆီမြွန်နီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
၂၀၀၄ နဲ့ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ ကိုပါချန်ပီယံအသင်းမှာ ပါဝင်ခဲ့တဲ့ အယ်ဗာရက်ဇ်၊ အော့တာမန်ဒီ၊ ရူလ်လီ စတဲ့ ကစားသမားတွေကို အသုံးပြုခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters