ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးက ပါရီအိုလံပစ်ပြိုင်ပွဲဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး ပြိုင်ပွဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အန်ဒီမာရေးဟာ ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာ ရော်ဂျာဖက်ဒဲရာကို အနိုင်ရပြီး ဗိုလ်စွဲခဲ့သလို ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆုကို ကာကွယ်နိုင်ခဲ့တဲ့ ဗြိတိန်ရဲ့ သမိုင်း တလျှောက် အကြီးကျယ်ဆုံးကစားသမား တဦးအဖြစ် မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့ပါတယ်။
အန်ဒီမာရေးဟာ ၂၀၁၃ ခုနှစ်က ဝင်ဘယ်ဒန်မှာ ဗိုလ်စွဲအောင် ကစားနိုင်ခဲ့ပြီး ဗြိတိန်နိုင်ငံရဲ့ အမျိုးသား ၁ ဦးချင်း တင်းနစ်ပြိုင်ပွဲတွေမှာ ၇၇ နှစ်ကြာ အောင်မြင်မှု မရတဲ့ အစဉ်အလာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ခဲ့တဲ့ အန်ဒီမာရေးဟာ ၂၀၁၉ မှာ ခွဲစိတ်မှု တကြိမ် ပြုလုပ်ခဲ့ပြီး ဒီရာသီအစမှာလည်း ခြေကျင်းဝတ် ခွဲစိတ်မှု ပြုလုပ်ထားပါတယ်။
Photo-Reuters