ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူမယ်လို့ ဂျာမနီနဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား တိုနီခရူးစ်က တရားဝင်ကြေညာသွားပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟာ မိခင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမဲ့ ယူရိုပြိုင်ပွဲဟာ ကစားသမားဘဝရဲ့ နောက်ဆုံးပြိုင်ပွဲနဲ့ နောက်ဆုံးပွဲစဉ် ဖြစ်လာတော့မှာပါ။
ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အပြီးမှာ လမ်းခွဲမှာဖြစ်ပြီး မက်ဒရစ်အသင်းမှာ နောက်ဆုံးကစားခဲ့တာက ဂုဏ်ယူစရာဖြစ်တယ်လို့ ခရူးစ်က ပြောပါတယ်။
အကောင်းဆုံးကစားနိုင်သေးတဲ့ အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူဖို့က ရည်မှန်းချက်တခုဖြစ်ပြီး အနားယူမယ့် မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ယူဆကြောင်း တိုနီခရူးစ်ကပြောပါတယ်။
ခရူးစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်မူတွေ ရယူနိုင်ခဲ့သလို နိုင်ငံ့လက်ရွေးစင်အသင်းနဲ့လည်း ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့တာဖြစ်ပါတယ်။
Photo-Reuters