နိုင်ငံလက်ရွေးစင် အသင်းကနေ အနားယူဖို့ မစဉ်းစားသေးကြောင်း အာဂျင်တီနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြောသွားပါတယ်။
မက်ဆီဟာ လက်ရှိကျင်းပနေတဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ် ကနေဒါကိုအနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုး တဂိုးသွင်းယူခဲ့ကာ အာဂျင်တီးနားအသင်းကို ဗိုလ်လုပွဲတက်ရောက်အောင် စွမ်းဆောင်ထားနိုင်ပြီး နိုင်ငံအသင်းနဲ့အတူ ၇ ကြိမ်မြောက် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်က စားသွားရမှာပါ။
နိုင်ငံ့လက်ရွေးစင်အသင်းကနေ အနားယူဖို့ ကိစ္စမစဉ်းစားသေးဘဲ ကစားနိုင်သမျှ ဆက်ပြီး ကစားသွားမယ်လို့ မက်ဆီက ပြောပါတယ်။
အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ မစဉ်းစားသေးဘဲ တရက်ချင်းစီပဲ အာရုံစိုက် သွားချင်ကြောင်း၊ အသက် ၃၇ နှစ်ရှိလာပြီဖြစ်ပေမဲ့ အနားယူမယ့်အချိန်ကို ဘုရားသခင်ကနေပဲ သိနိုင်လိမ့်မယ်လို့ မက်ဆီကပြောသွားပါတယ်။
နည်းပြ စကယ်လိုနီကတော့ မက်ဆီကို အမြဲတမ်းလမ်းဖွင့်ထားပြီး ၂၀၂၆ ကမ္ဘာ့ဖလားအထိ ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။
Photo- Reuters