ဒီနေ့မနက်အစောပိုင်းက ဂျာမနီနိုင်ငံ ဒေါ့မွန်းကွင်းမှာ ကန်သွားတဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက နယ်သာလန်အသင်းကို (၂-၁) ဂိုးနဲ့အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဒီပွဲမှာ နယ်သာလန်အသင်းက ဇာဗီဆိုင်မွန်စ်က ပွဲစပြီးမကြာခင် ၇ မိနစ်မှာပဲ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့လို့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ပထမပိုင်းပွဲချိန် ၁၈ မိနစ်မှာတော့ အင်္ဂလန်အသင်းရရှိတဲ့ ပင်နယ်တီကို ဟယ်ရီကိန်းက ကန်သွင်း ယူနိုင်ခဲ့လို့ တဖက် ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲပြီးခါနီး မိနစ် ၉၀ မှာတော့ လူစားဝင်ကစားသမား ဝက်ကင်စ်က အနိုင်ဂိုး သွင်းယူ နိုင်ခဲ့လို့ အင်္ဂလန်အသင်း ဗိုလ်လုပွဲကို ၂ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာပါ။
နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ နောက်ဆုံးဗိုလ်လုပွဲမှာတော့ ပြင်သစ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်လာတဲ့ စပိန်အသင်းနဲ့ ဘာလင်မြို့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Photo- Reuters