မန်ယူအသင်းဟာ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ကြောင်း ပီအက်စ်ဂျီအသင်းကို အကြောင်းကြားခဲ့ပါတယ်။
ဆန်ချိုဟာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လုပ်နေပေမဲ့ ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိ ထားတယ်လို့ သိရပါတယ်။
The Mirror သတင်းစာရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ၂၀၂၁ ခုနှစ်က ပေါင် ၇၃ သန်းနဲ့ ဝယ်ယူခဲ့တဲ့ ဆန်ချိုအတွက် ပေါင်သန်း ၄၀ ပေးမယ်ဆိုရင် လက်ခံသဘောတူမှာဖြစ်ကြောင်း ပြင်သစ်ကလပ်ဆီ အကြောင်းကြားခဲ့တာပါ။
ဆန်ချိုဟာ မနှစ်ကရာသီဝက်ကာလမှာ ဒေါ့မွန်အသင်းဆီ အငှားထွက် ကစားခဲ့ပြီး ခြေစွမ်းပြသ နိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
Photo-Reuters