စပါးအသင်းဟာ မန်ယူကွင်းလယ်ကစားသမား မက်တွန်မီနေးကိုခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ မန်ယူ အသင်းဟာ ပီအက်စ်ဂျီကွင်းလယ်လူ အူဂါတီကိုခေါ် ယူဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီးနောက် တွန်မီနေးကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားတာပါ။
သူ့ကို ဖူဟမ်အသင်းကခေါ်ယူဖို့ ဆွေးနွေးထားပေမဲ့ စပါးအသင်းကလည်း အပြိုင်ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့ကြောင်း The Sun သတင်းမှာဖော်ပြပါတယ်။
မန်ယူအသင်းဟာ တွန်နီနေးအတွက် ပေါင်သန်း ၄၀ လောက် ရရှိဖို့ မျှော်မှန်းထားပြီး ပြောင်းရွှေ့ကြေး ပိုပေးတဲ့ အသင်းကို ရောင်းချသွားဖို့ရှိပါတယ်။
အသက် ၂၇ နှစ်ရှိ စကော့တလန်ကွင်း လယ်ကစားသမားဟာ မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက အသင်းမှာ စတင်ကစားခဲ့သူ ဖြစ်ပါတယ်။