မန်ယူအသင်းဟာ ဥရုဂွေးကွင်းလယ်ကစားသမား အူဂါတီကိုခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာသဘောတူညီမှု ရရှိခဲ့ပါတယ်။
အီတလီဂျာနယ်လစ် တယောက်ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ အူဂါတီကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ရာမှာ ကစားသမားနဲ့ သဘောတူညီမူရခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနိူင်းဖို့သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
အူဂါတီရဲ့ အေးဂျင့်ဟာ နောက်ခံလူသစ် ရိုယိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ဖြစ်တာကြောင့် သဘောတူညီမှု ရဖို့ လွယ်ကူခဲ့တယ်လို့ ဆိုပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အူဂါတီအတွက် ပေါင် ၅၉ သန်း အနည်းဆုံး ရရှိဖို့ တောင်းဆိုထားပြီး မန်ယူအသင်းက ဆွေးနွေးညှိနိူင်းဖို့ပြင်ဆင်နေပါတယ်။
အသက် ၂၃ နှစ်ရှိ ကွင်းလယ်လူဟာ မနှစ်ကရာသီကမှ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။