တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့်ပေးခဲ့တာနဲ့ ပတ်သက်လို့ နည်းပြ တန်ဟတ်ဂ်က ရှင်းလင်းသွားပါတယ်။
ဆန်ချိုဟာ မနှစ်ကရာသီက နည်းပြတန်ဟတ်ဂ်နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီး အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခွင့်ပါ ပိတ်ပင်ခံခဲ့ရတာပါ။
အဲဒီနောက် ဒေါ့မွန်အသင်းဆီကို ရာသီဝက်ကာလစာချုပ်နဲ့ အငှားစေလွှတ်ခဲ့တာပါ။ အခုနှစ်ရာသီမှာတော့ နည်းပြတန်ဟတ်ဂ်က ဆန်ချိုကို အသင်းဆီပြန်လည်ခေါ်ယူခဲ့ပြီး ရာသီကြိုလေ့ကျင့်မူတွေမှာ ပြန်လည် ပူးပေါင်းခွင့်ပေးခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားသမားကောင်းတွေလိုအပ်ပြီး ဆန်ချိုဟာ ကစားသမားကောင်းတဦး ဖြစ်တာကြောင့် ပြန်လည်ခေါ်ယူခဲ့တာဖြစ်ကြောင်း နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
အရင်က ပြဿနာတွေကိုလည်း နှစ်ဦးနှစ်ဖက် သရေရလဒ်အတိုင်းထားပြီး ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
Photo- Reuters