မန်ယူဂိုးသမား အိုနားနားဟာ အသင်းနောက်ခံလူးသစ် လန်နီရိုယိုရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးစကားဆိုသွားပါတယ်။
ရိုယိုဟာ အသက် ၁၈ နှစ်သာရှိသေးပေမဲ့ လိုင်လီအသင်းမှာ ပွဲပေါင်း ၆၀ ကျော်ကစားခဲ့ပြီး အနာဂတ်မှာ ထင်ပေါ်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။
သူဟာ ဇူလိုင် ၂၀ ရက်က ရိန်းဂျားကို ၂ ဂိုး ပြတ်နဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပထမပိုင်း ၄၅ မိနစ် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာကတည်းက အရည်အသွေးမြင့် ကစားသမားတဦး ဖြစ်တဲ့အတွက် ဖြစ်ကြောင်း၊ ဘောလုံးကျွမ်းကျင်မှုလည်း ကောင်းပြီး ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ရိုယိုကို ကူညီပေးသွားရမှာဖြစ်ကြောင်း ဂိုးသမားအိုနားနားက ပြောပါတယ်။
မန်ယူအသင်းဟာ ရိန်းဂျားနဲ့ ခြေစမ်းပွဲအပြီးမှာ အမေရိကန်နိုင်ငံဆီ သွားရောက်မှာဖြစ်ပြီး အာဆင်နယ်၊ ဘက်တစ်၊ လီဗာပူးအသင်းတွေနဲ့ ခြေစမ်းကစားသွားမှာဖြစ်ပါတယ်။