Home
သတင်းဓာတ်ပုံ
ပါရီအိုလံပစ်ပြိုင်ပွဲဖွင့်လှစ်၊ အားကစားဟာငြိမ်းချမ်းရေးဖြစ်ကြောင်း အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြော
DVB
·
July 27, 2024
Photo_Reuters
Photo_Reuters
Photo_Reuters
Photo_Reuters
Photo_Reuters
Photo_Reuters
Photo_Reuters
Photo_Reuters
Photo_Reuters
Photo_Reuters
Photo_Reuters
Photo_Reuters

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်ညက  ဆင်းန်မြစ်ထဲမှာ  ကျင်းပသွားပါတယ်။ 

ပြင်သစ်နိုင်ငံရဲ့ အထင်ကရ မီးရောင်စုံတွေထွန်းညှိထားတဲ့ အီဖယ်လ်မျှော်စင်နောက်ခံနဲ့  ဆင်းန်မြစ်ထဲမှာ နိုင်ငံအသီးသီးကိုကိုယ်စားပြုတဲ့  ထောင်နဲ့ချီတဲ့အားကစားသမားတွေက သင်္ဘောပေါင်း  ၈၅ စင်းနဲ့ လှည့်လည်ခဲ့ကြပါတယ်။

ပြင်သစ်ဂန္ထဝင်ဘောလုံးသမားကြီး ဇီဒိန်းက အိုလံပစ်မီးရှူးတိုင်ကို မီးထွန်းညှိပေးခဲ့ပြီး  ကမ္ဘာကျော်နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ စလင်းဒီရွန်နဲ့  လေဒီဂါဂါတို့ကလည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဒီဖွင့်ပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်၊ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနဲ့ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အိုင်ယာလန်၊ ဖင်လန် စတဲ့နိုင်ငံတကာအစိုးရအဖွဲ့  တာဝန်ရှိသူတွေ ၈၀ လောက် တက်ရောက်ခဲ့ကြပြီး ဆင်းန်မြစ်ကမ်းဘေးကနေ ကြည့်ရှုအားပေးတဲ့  ပရိသတ် ၃ သိန်းကျော်နိုင်တယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ထံက  သိရပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်ဘတ်ကတော့   အားကစားဟာ ငြိမ်းချမ်းရေးသာ ဖြစ်ကြောင်းပြောသွားပါတယ်။

ပါရီအိုလံပစ်ဖွင့်ပွဲအကြို ထိပ်သီးတွေ့ဆုံပွဲမှာ ပြင်သစ်သမ္မတ မက်ခရွန်းက နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံချိန်အတွင်း သောမတ်ဘတ်အနေနဲ့ အခုလိုပြောခဲ့တာပါ။

သောမတ်ဘတ်က“အိုလံပစ်ပြိုင်ပွဲဟာ အားကစားထက်ပိုပါတယ်။ အားကစားက ကျန်းမာရေး၊ ဆက်ဆံရေး၊ လေးစားမှု၊ လုပ်ပိုင်ခွင့်လွှဲပြောင်းမှု၊ စည်းလုံးမှုနဲ့ ငြိမ်းချမ်းမှုတို့ပဲဖြစ်ပါတယ်”လို့ မှတ်ချက်ပေးပါတယ်။

အားကစားဆိုင်ရာ တာဝန်ရှိသူတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကြား အခုလိုမျိုးတွေ့ဆုံတာက ပထမ ဆုံးအကြိမ်ဖြစ်ပြီး အနာဂတ်မျိုးဆက် ပညာရေး၊ ကျန်းမာရေး၊ ညီမျှမှုနဲ့ တခြားအရာတွေကို အကျိုးဖြစ်ထွန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံအသီးသီးက အားကစားသမားပေါင်း ၁၀၅၀၀ က အားကစားနည်း ၃၂ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ကြက်တောင်နဲ့ ရေကူးအားကစားမှာ ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။  

ပါရီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကိုတော့ ဩဂုတ် ၁၁ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013