ပြင်သစ်နဲ့ အမေရိကန်ရှိ ဆော့လိတ်မြို့တို့ကို ၂၀၃၀ နဲ့ ၂၀၃၄ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့်ပြုကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီက ကြေညာခဲ့ပါတယ်။
၂၀၀၂ ခုနှစ်က ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပခဲ့တဲ့ ဆော့လိတ်မြို့ဟာ နှစ်ပေါင်း ၃၂ နှစ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတာဖြစ်ပါတယ်။
ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို လော့အိန်ဂျယ်လိစ်မြို့က ၂၀၂၈ ခုနှစ်မှာ လက်ခံကျင်းပခွင့်ရမှာ ဖြစ်တာကြောင့် ၂၀၃၀ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပခွင့်ပြုရေး တောင်းဆိုထားတဲ့ ဆော့လိဂ်မြို့ရဲ့ တောင်းဆိုချက် ပယ်ချခံခဲ့ရတာဖြစ်ပြီး ၂၀၃၄ ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်။
ဆော့လိတ်မြို့မှာ ကျင်းပတဲ့ ၂၀၀၂ ခုနှစ် ဆောင်းရာသီအို လံပစ်ပြိုင်ပွဲမှာ အားကစားနည်း ၇ မျိုး ပြိုင်ပွဲ ၇၈ ပွဲကျင်းပခဲ့ပြီး ကစားသမား ၂၃၉၉ ယောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
Photo-Reuters