ဝက်စ်ဟမ်းအသင်းဟာ ပြင်သစ်ကွင်းလယ်လူ ကန်တေကိုခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အမ်ဂိုလိုကန်တေဟာ မနှစ်ကရာသီက ချဲလ်ဆီးကနေ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အ သင်းဆီပြောင်းရွှေ့ကစားခဲ့သူပါ။
ယူရိုပြိုင်ပွဲဝင်ပြင်သစ်အသင်းမှာ ပြန်လည် ပါဝင်လာပြီး ခြေစွမ်းပြခဲ့တဲ့ ကန်တေကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူဖို့ကြိုးပမ်းလာခဲ့တာဖြစ်တယ်လို့ ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ မန်စီးတီးကနေအငှားခေါ်ယူခဲ့တဲ့ ကီဗင်ဖိလစ်ကို ပြန်လည်စေလွတ်ခဲ့တာကြောင့် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးခေါ်ယူဖို့ ရှာဖွေနေတာပါ။
နည်းပြသစ် လိုပတ်တီဂူဟာ ကန်တေရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေပြီး အသင်းဆီခေါ်ယူပေးဖို့ အဆိုပြုုထားတယ်လို့သိရပါတယ်။
ကန်တေအတွက် ပေါင်သန်း ၂၀ ခန့် ပေးရနိုင်ပြီး ဆွေးနွေးမှု တွေလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။