ဇူလိုင် ၂၇ ရက် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ ပါရီအိုလံပစ် ဖွင့်ပွဲအခမ်းအနား ပွဲစဉ်တလျှောက်လုံးမှာ မိုးသည်းကြီးမည်းကြီး ရွာနေတဲ့ကြားက ပါရီမြို့သားတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြပါတယ်။
ဒီပွဲဟာ အံ့ဩလို့မကုန်နိုင်ဘဲ မော်ကွန်းတင်လောက်တယ်လို့လည်း ပြောခဲ့ကြပါတယ်။
ကနေဒါအဆိုတော် စလင်းဒီယွန်ရဲ့ ဖျော်ဖြေတင်ဆက်မှုနဲ့အတူ ပါရီမြို့တော်ရဲ့ အထင်ကရ နေရာတွေကို ပေါင်းစည်းခြင်းဟာ ပွဲကို ထူးခြားစေခဲ့တယ်လို့ ပရိသတ်တွေက ပြောပါတယ်။
ပြင်သစ်မြို့တော်ရဲ့ အကျော်ကြားဆုံး အထင်ကရနေရာတချို့နဲ့အတူ ၆ ကီလိုမီတာရှည်တဲ့ မြစ်တလျှောက် ပြိုင်ပွဲဝင် အားကစားသမားတွေကို သင်္ဘောတွေနဲ့ ခေါ်ဆောင်သွားပြီး ရေပေါ်စင်္ကြံတွေပေါ်မှာတော့ ဖျော်ဖြေတင်ဆက်သူတွေက အားကစားနည်းတချို့ကို ဖန်တီးခဲ့ကြပါတယ်။
ပြင်သစ်ယဉ်ကျေးမှု၊ ဖက်ရှင်နဲ့ သမိုင်းကို ဂုဏ်ပြုတဲ့ ဒီပွဲကို မြစ်ကမ်းနားမှာ ပရိသတ် ၃ သိန်းလောက်က လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြပေမဲ့ မိုးရွာလို့ လူရာချီက စောစောပြန်သွားတာ တွေ့ရပါတယ်။
မြန်နှုန်းမြင့် TGV ရထားလမ်းကွန်ရက်ကို ဖောက်ခွဲတိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာ ပြင်သစ်နိုင်ငံတဝန်း ခရီးသွားလာမှု ကမောက်ကမ ဖြစ်ခဲ့ပါတယ်။
ကြီးမားတဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးအတွက် ခေါင်းကိုက်စရာ ဖြစ်ခဲ့အပြီး အားကစားကွင်း အပြင်ဘက်မှာ ပထမဆုံးအကြိမ်အဖြစ် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters