ချဲလ်ဆီးကွင်းလယ်ကစားသမား ဂေါ်လဂါဟာ အသင်းဘက်က သုံးနှစ်စာချုပ်နဲ့ ကမ်းလှမ်း ချက်ကို ပယ်ချသွားပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်နေပြီး စပိန်ကလပ် အက်သလက်တီကိုနဲ့ အကြိုသဘောတူညီမူရယူထားတယ်လို့ သတင်းတွေမှာဖော်ပြကြပါတယ်။
ဂေါ်လဂါအနေနဲ့ အသင်းဘက်က ပေးချေမယ့် လုပ်ခလစာကို သဘောမကျတာကြောင့်လို့ ခန့်မှန်းသုံးသပ်ကြပြီး အက်သလက်တီကိုအသင်းဆီကို ပေါင် ၃၃ ဒသမ ၇ သန်းနဲ့ ပြောင်းရွှေ့ဖို့ရှိတယ်လို့သိရပါတယ်။
ဂေါ်လဂါကို အက်စ်တန်ဗီလာအသင်းကလည်း ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ကစားသမားဖြစ်သူဘက်က ငြင်းပယ်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဘက်ကတော့ ကစားသမားရဲ့ဆန္ဒအတိုင်း ဦးစားပေးဆုံးဖြတ်သွားမယ်လို့သိရပါတယ်။
Photo-Reuters