မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ် ခံစစ်အတွဲဖြစ်တဲ့ ဒီလစ်နဲ့ မက်ဇ်ရာအိုရီတို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
မန်ယူအသင်းဟာ ဟော်လန်ဗဟိုနောက်ခံလူ ဒီလစ်အတွက် ယူရိုသန်း ၅၀ နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူခဲ့ပြီး ရက်ပိုင်းအတွင်းမှာ ဆေးစစ်မှုခံယူကာ အိုင်းယက်ဇ်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ အဲရစ်တန်ဟတ်ဂ်နဲ့ ပြန်လည်တွေ့ဆုံတော့မှာပါ။
ဒါ့အပြင် မက်ဇ်ရာအိုရီကိုလည်း ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းချက်ကို ဘိုင်ယန်အသင်းက သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ မက်ဇ်ရာအိုရီကို အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကို အရင်ဆုံး ရောင်းချသွားမယ်လို့ သိရပါတယ်။
မော်ရိုကိုနောက်ခံလူ မက်ဇ်ရာအိုရီဟာလည်း အိုင်ယက်ဇ်ကစားသမားဟောင်းတဦးဖြစ်ပြီး နည်းပြတန်ဟတ်ဂ်နဲ့ လက်တွဲခဲ့ဖူးပါတယ်။
Photo-Reuters