မန်စီးတီးအသင်းဟာ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ပေါင် ၈၁ သန်းနဲ့ အက်သလက်တီကို အသင်းဆီ ရောင်းချဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။
မန်စီးတီးဟာ ကနဦးပြောင်းရွှေ့ကြေးအဖြစ် ယူရို ၇၅ သန်းနဲ့ညီမျှတဲ့ စတာလင်ပေါင် ၆၄ သန်း ရရှိမှာပါ။
စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ၁၇ သန်း ထပ်မံရရှိနိုင်တာကြောင့် စုစုပေါင်း ပေါင် ၈၁ သန်းတန် အပြောင်းအရွှေ့အဖြစ် မီဒီယာတွေက ဖော်ပြကြပါတယ်။
မန်စီးတီးဟာ အာဂျင်တီးနားတိုက်စစ်မှူးကို ဆက်လက်ထိန်းထားလိုပေမဲ့ ပွဲကစားချိန် ပိုရချင်တဲ့ အယ်လ်ဗာရက်ဇ်ကြောင့် ကစားသမားဖြစ်သူရဲ့ဆန္ဒကို လိုက်လျောခဲ့တာလို့ ဖော်ပြကြပါတယ်။
တီကိုအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူခဲ့တာကြောင့် တိုက်စစ်မှူး ယာအိုဖဲလစ်ကို ပြန်လည်ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။