ပါရီအိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားတဦးချင်း တင်းနစ်ဖိုင်နယ်ပွဲစဉ်မှာ အသက် ၃၇ နှစ်အရွယ် နိုဗက်ခ်ဂျိုကိုဗစ်က စပိန်တင်းနစ်ကစားသမား ကားလို့စ်အယ်လ်ကာရက်ဇ်ကို အနိုင်ယူပြီး ပထမဆုံး ရွှေတံဆိပ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့် ၂ မှာရှိတဲ့ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်က ဒါဟာ သူ့ရဲ့ ကစားသမားဘဝတလျှောက် အကြီးမားဆုံးသော အောင်မြင်မှုဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပေကျင်း၊ လန်ဒန်၊ ရီယိုဒီဂျနေရိုးနဲ့ တိုကျို အိုလံပစ်ပြိုင်ပွဲကြီးတွေမှာ ရွှေဆုနဲ့ လွဲချော်ခဲ့ရပြီးနောက် ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အယ်လ်ကာရက်ဇ်ကို အကောင်းဆုံး လက်စွမ်းပြကာ ၇-၆(၃) ၊ ၇-၆(၂) ရလဒ်နဲ့ ၂ ပွဲဆက် အနိုင်ယူခဲ့ပါတယ်။
ဒါကြောင့် ဂျိုကိုဗစ်က ဂရန်းဆလမ်းပြိုင်ပွဲကြီး ၄ ခုစလုံးအပြင် အိုလံပစ်ရွှေတံဆိပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ ၅ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဒီနှစ်အတွင်း ပြင်သစ်အိုးပင်းနဲ့ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲတို့မှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် အယ်လ်ကာရက်ဇ်ကတော့ ရွှေတံဆိပ်ရည်မှန်းချက်ကို အခုလိုမျိုး လက်လွှတ်ခဲ့ရကြောင်း မျက်ရည်တွေနဲ့အတူ ပြောကြားသွားပါတယ်။
Photo-Reuters