ဝက်စ်ဟမ်းအသင်းဟာ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်ကစားသမား ရိုဒရီဂတ်ဇ်ကို ထပ်မံခေါ်ယူနိုင်ခဲ့ပါတယ်။
အသက် ၃၀ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ ရီးရဲလ်ဘက်တစ်အသင်းမှာ ၅ နှစ်ကြာ ကစားခဲ့သူပါ။
မနှစ်ကရာသီအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့လို့ ဝက်စ်ဟမ်းအသင်းက ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့က ဘောလုံးသမားတိုင်းရဲ့အိပ်မက် ဖြစ်ပြီး ဝက်စ်ဟမ်းအသင်းလို သမိုင်းဝင်အသင်းတသင်းဆီ ပြောင်းရွှေ့လာရတဲ့အပေါ် စိတ်လှုပ်ရှားမိကြောင်း ရိုဒရီဂတ်ဇ်က ပြောပါတယ်။
သူဟာ အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား၊ ၂၀၂၄ ကိုပါအမေရိကဖလားချန်ပီယံ ဖြစ်ခဲ့ရာမှာ ပါဝင်ခဲ့သူပါ။
နည်းပြသစ်လိုပတ်တီဂူ လက်ထက်မှာ ကစားသမား အင်အားဖြည့်တင်းနေတဲ့ ဝက်စ်ဟမ်းအသင်းဟာ လက်ရှိအချိန်အထိ ကစားသမား ၆ ဦးအထိ ခေါ်ယူထားပြီး ဖြစ်ပါတယ်။