ဝက်စ်ဟမ်းအသင်းဟာ မန်ယူနောက်ခံလူ ဝမ်ဘစ်ဆာကာကိုခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။
မန်ယူအသင်းဟာ ညာနောက်ခံနေရာအတွက် မော်ရိုကို နောက်ခံလူ မက်ဇ်ယာအိုရီကို ဘိုင်ယန်ကနေ ခေါ်ယူဖို့ လျာထားတာကြောင့် ဝမ်ဘစ်ဆာကာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာပါ။
မန်ယူအသင်းဘက်က ဝမ်ဘစ်ဆာကာအတွက် ပေါင် ၁၈ သန်းပေးချေဖို့ ဝက်စ်ဟမ်းအသင်းဆီ တောင်းဆိုထားပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေမယ်ဆိုရင် အပြောင်းအရွှေ့ဖြစ်မြောက်လာမှာပါ။
မန်ယူကွင်းလယ်လူ တွန်မီနေးကိုလည်း ဖူဟမ်အသင်းကခေါ်ယူဖို့ ကမ်းလှမ်းထားပြီး ရက်ပိုင်းအတွင်းမှာ မန်ယူအသင်းဘက်က ဆုံးဖြတ်ချက်ချသွားရမှာ ဖြစ်ပါတယ်။ တွန်မီနေးကို ရောင်းချဖြစ်ပါက ပီအက်စ်ဂျီကွင်းလယ်လူ အူဂါတီကို ခေါ်ယူဖို့ မန်ယူအသင်းက ပစ်မှတ်ထားနေ ပါတယ်။
Photo-Reuters