မန်ယူအသင်းအနေနဲ့ ကစားသမားသစ်တွေထပ်မံခေါ်ယူဖို့ လိုအပ်ကြောင်း နည်းပြအဲရစ် တန်ဟတ်ဂ် ကပြောသွားပါတယ်။
မန်ယူအသင်းဟာ အသစ်ခေါ်ယူထားတဲ့ နောက်ခံလူ ရိုယို အမေရိကန်ချစ်ကြည်ရေးပွဲမှာ ဒဏ်ရာရသွားတာကြောင့် ၃ လလောက် အနားယူရမှာဖြစ်တဲ့အပြင် အဓိကတိုက်စစ်မှူး ဟွိုက်လန်းဟာလည်း လပိုင်း အနားယူသွားရ မှာပါ။
ရာသီမစတင်ခင်ကတည်းက ဒဏ်ရာပြဿနာတွေရှိနေတာကြောင့် ကစားသမားသစ်တွေထပ် မံခေါ်ယူဖို့လိုအပ်ပြီး လူစာရင်းတောင်းတင့်နေဖို့ လိုအပ်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါ တယ်။
လာမယ့်ရာသီမှာ ဆုဖလားတွေထပ်ရဖို့ ယုံကြည်မှုရှိပေမဲ့ မိမိရည်မှန်းချက်အတွက်မဟုတ်ဘဲ အသင်းအတွက်သာဖြစ်ကြောင်း၊ ဆုဖလားတွေရယူပြီး ရှေ့ဆက်နိုင်ဖို့က အရေးကြီးဆုံးဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
Photo-Reuters