မန်ယူအသင်းဟာ ခံစစ်ပိုင်းနဲ့ တိုက်စစ်ပိုင်း ၂ နေရာအတွက် ကစားသမားတွေခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေပါတယ်။
အသစ်ခေါ်ယူထားတဲ့ ပြင်သစ်လူငယ်နောက်ခံလူရိုယိုက ခြေစမ်းပွဲမှာ ဒဏ်ရာရသွားကြောင့် ၃ လလောက် အနားယူရမှာဖြစ်သလို တိုက်စစ်မှူး ဟွိုက်လန်းဟာလည်း ၁ လခွဲလောက် အနားယူသွားရမှာပါ။
အဲဒီလို အခြေအနေကြောင့် တိုက်စစ်မှူးတဦးနဲ့ ဗဟိုခံစစ်မှူးတဦးခေါ်ယူဖို့ အရှိန်မြင့်လုပ်ဆောင် လာခဲ့တာပါ။
ခံစစ်ပိုင်းအတွက် ဘိုင်ယန်အသင်းက ဟော်လန်နောက်ခံလူ ဒီလစ်နဲ့ ဆွေးနွေးနေတာပါ။ တိုက်စစ်မှူးသစ် ဇီယက်ဇီရှိနေပေမဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံမရှိတာကြောင့် ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန်တိုနေးကိုခေါ်ယူဖို့ စဉ်းစားလာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
Photo-Reuters