မန်ယူအသင်းဟာ အိုးထရတ်ဖို့ဒ်ကွင်းကို ပရိသတ် ၁ သိန်းဝင်ဆံ့တဲ့ ကွင်းသစ်အဖြစ် တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။
စတာလင်ပေါင် ၂ ဘီလီယံဘတ်ဂျက်လျာထားတဲ့ ကွင်းသစ်စီမံကိန်းကို အတည်ပြုဖို့ အခုနှစ်ကုန်ပိုင်းမှာ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်သွားမှာပါ။
မန်ယူအသင်းအနေနဲ့ ကွင်းသစ်စီမံကိန်းအတွက် ကုန်ကျမယ့် ပေါင် ၂ ဘီလီယံကို ပေးချေနိုင်မှာ မဟုတ်ပေမဲ့ အသင်းပူး တွဲပိုင်ရှင်သစ် ဆာဂျင်ရတ်ကလစ်ရဲ့ ပံ့ပိုးမှုနဲ့ တည်ဆောက်ဖို့ စီစဉ်ထားတာပါ။
ကွင်းသစ် တည်ဆောက်ဖြစ်မယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်လောက်မှ ပြီးဆုံးမှာဖြစ်ပြီး ဗြိတိန်ကျွန်းစုရဲ့ ပရိသတ်အများဆုံး ကြည့်ရှုနိုင်တဲ့ ဘောလုံးကွင်းဖြစ်လာမှာပါ။
ဥရောပမှာ ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းက ပရိသတ် ၁၀၅၀၀၀ ဝင်ဆံ့ပြီး အရေအတွက် အများဆုံးဝင်ဆံ့တဲ့ ကွင်းအဖြစ် စံချိန်တင်ထားပါတယ်။
Photo-Reuters