မန်ယူအသင်းဟာ တိုက်စစ်မှူး ဟွိုက်လန်း နဲ့ နောက်ခံလူ ယိုရို တို့နှစ်ဦးရဲ့ ဒဏ်ရာအခြေအနေတွေကို စစ်ဆေးမှုတွေပြုလုပ်သွားမှာပါ။
ဟွိုက်လန်းဟာ အာဆင်နယ်နဲ့ ခြေစမ်းပွဲမှာ တစ်ဂိုးသွင်းခဲ့ပေမဲ့ ပွဲချိန် ၁၅ မိနစ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့လို့ လူစားလဲခဲ့ရတာပါ။
အလားတူ နောက်ခံလူသစ် လင်နီယိုရိုဟာလည်း ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာပါ။ နည်းပြ တန်ဟတ်ဂ်ကတော့ ဟွိုက်လန်းရဲ့ ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်မှုမရှိပေမဲ့ နောက်ခံလူသစ် ယိုရိုရဲ့ ဒဏ်ရာအခြေအနေကိုတော့ စစ်ဆေးမှုတွေကို စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။
ယိုရိုဟာအသင်းနဲ့ ပူးပေါင်းလေ့ကျင့်မှု ၅၀ ရာခိုင်နှုန်းလောက်ပဲ လုပ်ဆောင်ထားသူဖြစ်ပြီး အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။