Home
အားကစား
ရာသီအကြိုခြေစမ်းပွဲတွင် အာဆင်နယ်က မန်ယူကို (၂-၁)ဂိုးဖြင့် အနိုင်ရ
DVB
·
July 28, 2024
Photo-Reuters

အမေရိကန်ပြည်ထောင်စု  လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဒီနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီအကြိုခြေစမ်းပွဲမှာ  အာဆင်နယ်အသင်းက မန်ယူနိုက်တက် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။  

ဒီပွဲမှာ မန်ယူရှေ့တန်းတိုက်စစ်မှူး ဟွိုက်လန်းက ပွဲချိန် ၁၀ မိနစ်မှာပဲ  မန်ယူအတွက် ဦးဆောင် အဖွင့် ဂိုးသွင်းယူပေးခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာ အာဆင်နယ်အတွက် ချေပဂိုးကို ဂါဘရီရယ်ဂျေဆုက သွင်းပေးခဲ့လို့ ပထမပိုင်းမှာ  တဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယ ပိုင်ပြန်ကစားရာမှာ နှစ်ဖက် အပြန်အလှန် ဂိုးကန်သွင်းခွင့်တွေရခဲ့ပေမဲ့ ဂိုးမရဘဲရှိနေပြီး ပွဲချိန် ၈၁ မိနစ်အရောက်မှာတော့ မာတီနယ်လီက အာဆင်နယ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ အာဆင်နယ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အတွက် တိုးတက်မှုရှိလာဖို့လိုအပ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။

အာဆင်နယ်ဟာ မနှစ်က ရာသီမှာ မန်စီးတီးကို နောက်ဆုံး အချိန်အထိဖိအားပေးနိုင်ခဲ့ပေမဲ့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာပါ။

ချန်ပီယံမန်စီးတီးအသင်းနဲ့ ကွာဟာချက်က အလွန်ကျဉ်းမြောင်းပြီး အဲဒီကွာဟချက် အနည်းငယ်ကို ပြုပြင်နိုင်ဖို့အတွက် စွမ်းဆောင်ရည် တိုးတက်လာဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

ကစားသမား တွေဆီကနေ တဦးချင်းခြေစွမ်းအပြင် အသင်းလိုက်စွမ်းဆောင်ရည် ကောင်းရရှိဖို့လည်း ကြိုးပမ်းသွားမှာဖြစ်ပြီး အဲဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ကြီးမားတဲ့အခွင့်အရေး ရှိလာမယ်လို့ နည်းပြအာတေတာက ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013