အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား အမ်မလီစမစ်ရိုးကို ရောင်းချဖို့ ဆွေးနွေးနေကြောင်း နည်းပြအာတေတာ ကအတည်ပြုသွားပါတယ်။
ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာ ကွင်းလယ်ကစားသမား စမစ်ရိုးကို ထည့်သွင်းကစားခြင်းမပြုခဲ့တဲ့အပေါ် မီဒီယာတွေကမေးမြန်းရာမှာ နည်းပြအာတေတာက ပြန် လည်ဖြေကြားခဲ့တာပါ။
လက်ရှိအချိန်မှာ စမစ်ရိုးနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ ဆွေးနွေးနေတာကြောင့် ဘုန်းမောက်နဲ့ပွဲမှာ အသုံးမပြုတာက အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ် ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အာဆင်နယ် အကယ်ဒမီကနေထွက်ပေါ်လာသူဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ဒဏ်ရာရရှိသွားပြီးနောက် ပွဲထွက်ခွင့်နည်းပါးလာခဲ့သူပါ။
သူ့ကို လန်ဒန်ကလပ် ဖူဟမ်အသင်းက ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမူရထားပြီးဖြစ်တယ်လို့ သိရပါတယ်။
Photo-Reuters