အာဆင်နယ်နည်းပြ အာတီတာက အီတလီနောက်ခံလူ ရီကာဒို ကာလိုဖီရိုရီကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ ပြောပါတယ်။
အမေရိကန်ခြေစမ်းပွဲ ခရီးစဉ်အတွင်းမှာ အာတီတာက ထုတ်ဖော်ပြောဆိုတာပါ။ အသင်းအတွက် အတိအကျ လိုအပ်တဲ့ နေရာအတွက် အသက် ၂၂ နှစ်အရွယ် ဘိုလော့နာ ကစားသမားကို ခေါ်ယူဖို့ အာဆင်နယ်က ပစ်မှတ်ထား နေတာပါ။
ပြောင်းရွေ့ကြေးတန်ဖိုးက ပေါင် ၃၄ သန်း သတ်မှတ်ထားပါတယ်။ အာဆင်နယ်ဟာ လာမယ့်ရာသီတွေအတွက် ကွင်းလယ်ဗဟိုနေရာမှာ အားဖြည့်ဖို့လည်း ကစားသမားသစ် ရှာဖွေ နေပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ခဲ့ပေမယ့် ရာသီအကုန်မှာ အဆင့် ၂ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
Photo-Reuters