Home
နိုင်ငံတကာ
ဖာဘရီဂတ်စ်ကို နည်းပြအဖြစ် စီးရီအေတန်းတက် ကိုမိုအသင်း ခန့်အပ်
DVB
·
July 21, 2024
Photo - REUTERS/Matteo Gribaudi

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ်ဟာ စီးရီးအေကလပ် ကိုမိုနည်းပြအဖြစ် ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ဖာဘရီဂတ်စ်ဟာ ၂၁ နှစ်ကြာမှ စီးရီးအေကို တကျော့ပြန် တန်းတက်လာတဲ့ ကိုမိုအသင်းမှာ ပြီးခဲ့တဲ့ရာသီကအထိ ကစားခဲ့တာဖြစ်ပြီး ဒီရာသီမှာ နည်းပြအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်ဟာ ၂၀၂၃ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတို့မှာလည်း ကိုမိုအသင်းကို ယာယီနည်းပြအဖြစ် ၅ ပွဲ ကိုင်တွယ်ခဲ့ရဖူးပါတယ်။ 

ဖာဘရီဂတ်စ်က “ကိုမိုအသင်းနည်းပြအဖြစ် ဒီရာသီကို စတင်ရမှာဖြစ်လို့ ပျော်ပါတယ်။ အသင်းပိုင်ရှင်တွေကလည်း ကျနော့်ကို နည်းပြရာထူးအတွက် ယုံယုံကြည်ကြည် ခန့်အပ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့ရာသီက ယာယီနည်းပြ ရောဘတ်ရဲ့ လက်ထောက်နည်းပြအဖြစ် ရာသီဝက် ဆောင်ရွက်ခဲ့သူဖြစ်ကာ ကစားသမားဘဝကနေ အနားယူပြီးနောက် နည်းပြဖြစ်လာသူ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013