Home
အားကစား
အင်္ဂလန်ယူ-၂၀ ဂိုးသမား တွန်မီဆက်ဖို့ဒ်ကို အာဆင်နယ် ခေါ်ယူရန် သဘောတူညီမှုရရှိ
DVB
·
July 16, 2024
Photo - via Setford on Instagram

အာဆင်နယ်အသင်းဟာ ဟော်လန်ကလပ် အိုင်ယက်စ်က အင်္ဂလန်ယူ-၂၀ ဂိုးသမား တွန်မီဆက်ဖို့ဒ်ကို ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိသွားပါတယ်။

အသင်းရဲ့နံပါတ်တစ်ဂိုးသမား ဒေးဗစ်ရာယာကို ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပေမဲ့ အရန်ဂိုးသမားနေရာအတွက် ဆက်ဖို့ဒ်ကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။

ဂိုးသမား အာရွန်ရမ်စ်ဒေးရဲ့ အနာဂတ်ဟာလည် မရေမရာဖြစ်လာခဲ့တာကြောင့် ဂိုးသမားသစ်ခေါ်ယူဖို့ အာဆင်နယ်က ဆုံးဖြတ်ခဲ့တာပါ။

အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ဂိုးသမား တွန်မီဆက်ဖို့ဒ်ဟာ အင်္ဂလန်ဖခင်နဲ့ ဟော်လန်မိခင်တို့ကနေ  မွေးဖွားလာသူဖြစ်ပြီး ဟော်လန်အသင်းကိုလည်း ကိုယ်စားပြုကစားခွင့်ရှိနေပါတယ်။ အာဆင်နယ်ဟာ စက်ဖို့ဒ်ကို လေးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး အနာဂတ်အတွက် ရည်မှန်းထားတယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013