အင်္ဂလန်အသင်းနဲ့ အနာဂတ်ကိစ္စအပေါ် မစဉ်းစားသေးကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။
အင်္ဂလန်အသင်းဟာ ဒီမနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်နဲ့ ယူရိုဗိုလ်လုပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး နှစ်ကြိမ်ဆက်တိုက် ဒုတိယဆုတွေနဲ့သာ ကျေနပ်ခဲ့ရတာပါ။
နည်းပြ ဆောက်ဂိတ်ကတော့ အင်္ဂလန်အသင်းနဲ့ အနာဂတ်ကိစ္စအပေါ် သင့်တော်မှန်ကန်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးသွားရမှာဖြစ်ပြီး ဒီအချိန်က ဆုံးဖြတ်ချက်ချဖို့ အကောင်းဆုံးအချိန် မဟုတ်ဘူးလို့ ယူရို ဗိုလ်လုပွဲစဉ်အပြီးမှာ ပြောသွားပါတယ်။
နည်းပြဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ယူခဲ့ပြီး အက်ဖ်အေ ဘက်ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဆက်လက် တာဝန်ပေးဖို့ ဆန္ဒရှိနေပါတယ်။
ဘောလုံးကျွမ်းကျင်သူတွေနဲ့ ပရိသတ်အများစုကတော့ စွဲဆောင်မှုရှိတဲ့ ကစားပုံတည်ဆောက်နိုင်ခြင်းမရှိတဲ့ ဆောက်ဂိတ်ကို အင်္ဂလန်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြပါတယ်။