Home
အားကစား
ယူရိုဗိုလ်လုပွဲတွင် အမှားနည်းသည့်အသင်း အနိုင်ရလိမ့်မည်ဟု စပိန်နည်းပြပြော
DVB
·
July 14, 2024
Photo - REUTERS/Michaela Stache

ယူရို ၂၀၂၄ ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ အမှားနည်းတဲ့အသင်းက အနိုင်ရပြီး ချန်ပီယံ ဖြစ်လိမ့်မယ်လို့ စပိန်နည်းပြ လူးဝစ်ဒီလာဖရွန်တေးက ပြောသွားပါတယ်။

ယူရိုဗိုလ်လုပွဲအဖြစ် တနင်္ဂနွေနေ့ညမှာ စပိန်နဲ့ အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။

မီဒီယာတွေရဲ့ ရေးသားချက် စပိန်အသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပေမဲ့ အခွင့်အရေး ဆတူရှိနေပြီး အမှားနည်းတဲ့အသင်းက အနိုင်ရလိမ့်မယ်လို့ စပိန်နည်းပြ ဒီလာဖရွန်တေးက ပြောပါတယ်။

စပိန်အသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့အသင်း မဟုတ်ကြောင်း၊ ပြီးခဲ့တဲ့ပွဲစဉ်တွေကထက် ပိုတဲ့စွမ်းဆောင်ရည်ပြသနိုင်မှသာ အနိုင်ရဖို့ အခွင့်အရေးရှိလာမှာ ဖြစ်ကြောင်း၊ သေးငယ်တဲ့ ဖြစ်ရပ်တွေက ပွဲကိုအဆုံးအဖြတ်ပေးသွားနိုင်ကြောင်း စပိန်နည်းပြက ပြောပါတယ်။

စပိန်အသင်းဟာ အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ်ဆိုရင် ၄ ကြိမ်မြောက် ရရှိမှာဖြစ်လို့ ယူရိုပြိုင်ပွဲရဲ့ ဆုဖလားအများဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013