ယူရိုဗိုလ်လုပွဲစဉ်အပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ အင်္ဂလန်နည်းပြဆောက်ဂိတ် က ပြောသွားပါတယ်။
အင်္ဂလန်အသင်းဟာ ဗိုလ်လုပွဲစဉ်မှာစပိန်အသင်းနဲ့ တွေ့ဆုံနေပြီး အဲဒီပွဲ ရလဒ်က နည်းပြဆောက်ဂိတ်ရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးသွားဖို့ရှိပါတယ်။
နည်းပြဆောက်ဂိတ်ကတော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဗိုလ်လုပွဲအပြီးမှာ ပြန်လည်သုံးသပ်ကာ ဆုံးဖြတ်ချက်ချမှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်လက်တာဝန်ယူဖို့ မသေချာသေးကြောင်း ပြောပါတယ်။
အင်္ဂလန်အက်ဖ်အေဘက်ကတော့ နည်းပြဆောက်ဂိတ်ကို စာချုပ်သက်တမ်းတိုးပြီး ဆက်လက်တာဝန်ပေးဖို့ ကမ်းလှမ်းထားတာပါ။
အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကတော့ နည်းပြဆောက်ဂိတ်ဆက်လက်ရှိနေဖို့ အင်္ဂလန်အသင်းသားအားလုံးက ဆန္ဒရှိနေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။