Home
အားကစား
လက်ရှိအင်္ဂလန်အသင်းက ကွဲပြားခြားနားသွားပြီဟု  နည်းပြဆောက်ဂိတ်ပြော
DVB
·
July 13, 2024
Photo -REUTERS

လက်ရှိအင်္ဂလန်အသင်းရဲ့ အခြေအနေက ပြီးခဲ့တဲ့ ယူရို ၂၀၂၁ ပြိုင်ပွဲ ဗိုလ်လုပွဲတက်ခဲ့တဲ့ အချိန်က အသင်းနဲ့ မတူညီတော့ဘဲ ကွဲပြားခြားနားသွားပြီဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်ခဲ့ပေမဲ့ အီတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရတာပါ။

အခုနှစ် ဗိုလ်လုပွဲရောက်အသင်းရဲ့ ခြေစွမ်းအဆင့်အတန်းက ၂၀၂၁ ခုနှစ်ပြိုင်ပွဲက အသင်းနဲ့ ကွဲပြားခြားနားမှုတွေရှိကြောင်း၊ ဗိုလ်လုပွဲတက်ခဲ့တာက လွယ်ကူတယ်လို့ မပြောလိုပေမဲ့ အင်္ဂလန် အသင်းအတွက် သာမန်ထက်မပိုတဲ့ ကိစ္စတခုသာဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။

အင်္ဂလန်အသင်းဟာ အခုနှစ်ယူရိုဗိုလ်လုပွဲစဉ်အဖြစ် လာမယ့် ဇူလိုင် ၁၅ ရက်မှာ စပိန်အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013