Home
အားကစား
ဆီမီးဖိုင်နယ်အတွေ့အကြုံများက အသင်းကို ကူညီနိုင်လိမ့်မည်ဟု ဟယ်ရီကိန်း ပြော
DVB
·
July 10, 2024
Photo - REUTERS/Lee Smith

ပြီးခဲ့တဲ့ပြိုင်ပွဲတွေမှာရရှိခဲ့တဲ့ ဆီမီးဖိုင်နယ်အတွေ့အကြုံတွေက အင်္ဂလန်အသင်းကို ကူညီနိုင်လိမ့်မယ်လို့ တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောသွားပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုဆီမီးဖိုင်နယ်မှာ ဟော်လန်အသင်းနဲ့ ဇူလိုင် ၁၁ ရက်မှာ ယှဉ်ပြိုင်ကစားသွားရမှာပါ။

အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ် တက်ခဲ့သလို ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာပါ။

လက်ရှိ အသင်းလူစာရင်းမှာ နိုင်ငံအသင်းနဲ့ အတွေ့အကြုံတွေအပါအဝင် ကလပ်အသင်းလည်း ပွဲကြီးပွဲကောင်း အတွေ့အကြုံတွေ အများကြီးရှိတဲ့ ကစားသမားတွေ ပါဝင်နေကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။

အတွေ့အကြုံကောင်းတွေ ရှိတာကြောင့် စိတ်လှုပ်ရှားမူတွေကို ထိန်းချုပ်နိုင်စွမ်းရှိပြီး လေ့ကျင့်ပြင် ဆင်ထားသလို ကစားနိုင်မယ်ဆိုရင် ရလဒ်ကောင်းရရှိမှာဖြစ်ကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။

ယူရိုပြိုင်ပွဲ ၂ ကြိမ်ဆက်တိုက် ဗိုလ်လုပွဲ ရောက်ခဲ့မယ်ဆိုရင် အံ့အားသင့်စရာ အောင်မြင်မှု ဖြစ်လာမယ်လို့  ဟယ်ရီကိန်းက ပြောသွားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013