ပြင်သစ်နဲ့ လိုင်လီနောက်ခံလူ လီနီရိုဟိုဟာ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ပြင်သစ် ယူ-၂၁ ဗဟိုနောက်ခံလူ လီနီရိုဟိုဟာ ၂၀၂၂ ခုနှစ်ကတည်းက အသင်းကြီးမှာ ပွဲထွက်ရရှိခဲ့သူပါ။
မနှစ်ကရာသီမှာ အသင်းအတွက် ပွဲပေါင်း ၄၄ ပွဲကစားပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ကာ သူ့ရဲ့တိုးတက်လာတဲ့ ခြေစွမ်းကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ လိုင်လီအသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေ ဖြစ်ခဲ့တာပါ။
မန်ယူအသင်းကတော့ ရိုဟိုအတွက် ပေါင် ၄၂ သန်းအထိ ပေးချေခဲ့တာကြောင့် လိုင်လီအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပေမဲ့ ကစားသမားဖြစ်သူဘက်က ပြောင်းရွှေ့ဖို့ ငြင်းဆန်နေခဲ့တာပါ။
မန်ယူအသင်းဟာ ဘိုင်ယန်နောက်ခံလူ ဒီလစ်ကိုလည်း ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
လီနီရိုဟိုဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး ပီအက်စ်ဂျီနဲ့ လီဗာပူးအသင်းတွေကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Photo- Reuters