Home
အားကစား
ဂိုးသမားဒေးဗစ်ရာယာကို ၄ နှစ်စာချုပ်ဖြင့် အာဆင်နယ်ခေါ်ယူ
DVB
·
July 5, 2024
Photo- REUTERS

အာဆင်နယ်အသင်းဟာ ဂိုးသမားဒေးဗစ်ရာယာကို ၄ နှစ်စာချုပ်ပြီး အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

မနှစ်ကရာသီမှာ ဘရန့်ဖို့ဒ်အသင်းဆီကနေ တရာသီအငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး စာချုပ် ပါသဘောတူညီချက်တွေအရ ပေါင် ၂၇ သန်းပေးချေပြီး အပြီးသတ်ခေါ်ယူခဲ့တာပါ။

စပိန်လက်ရွေးစင်ဂိုးသမားဟာ မနှစ်ကရာသီက ပရီးမီးယားလိဂ်မှာ ပေးဂိုးအနည်းဆုံးနဲ့ ဂိုးမပေးရတဲ့ ပွဲအများဆုံး ဂိုးသမားဖြစ်ခဲ့ပြီး ရွှေလက်အိတ်ဆု ရယူနိုင်ခဲ့တာပါ။

အာဆင်နယ်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခွင့်ရခဲ့တာက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တာဖြစ်ပြီး မနှစ်ကရာသီတလျှောက်လုံးမှာ အားပေးခဲ့ကြတဲ့ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိကြောင်း အပြီးသတ်စာချုပ် ချုပ်ဆိုအပြီးမှာ ပြောပါတယ်။

ဒေးဗစ်ဟာ မနှစ်ကရာသီကအသင်းအတွက် ဘယ်လောက်အထိ အရေးပါတဲ့ ကစားသမားဆိုတာကို သက်သေပြခဲ့ကြောင်း၊ အပြီးသတ်ခေါ်ယူနိုင်ခဲ့လို့ ကျေနပ်မိကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013