လက်ဘနွန်နိုင်ငံတောင်ပိုင်း ထိုင်းယာမြို့အနီးမှာ ဟစ်ဇ်ဘိုလာရဲ့ ထိပ်တန်းတပ်မှူးတဦး ဖြစ်တဲ့ မိုဟာမက် နက်ဆာကို အစ္စရေးက ဇူလိုင် ၃ ရက်မှာ တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း ပြောပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အီရန် ကျောထောက်နောက်ခံပြုအဖွဲ့က အစ္စရေးနိုင်ငံအတွင်းကို လက်တုံ့ပြန်တိုက်ခိုက်မှုအနေနဲ့ ဒုံးကျည်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အန္တရာယ်ရှိနိုင်တဲ့ တိုက်ပွဲတွေကလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေတာပါ။
လက်ဘနွန် အနောက်တောင်ပိုင်းကနေ အစ္စရေးကို ပစ်ခတ်ရာမှာ တာဝန်ရှိတဲ့ တပ်မှူးတဦး ဖြစ်တဲ့ မိုဟာမက် နက်ဆာကို အစ္စရေးစစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
နက်ဆာဟာ တိုက်ပွဲမှာ သေဆုံးခဲ့ရတဲ့ ဟစ်ဇ်ဘိုလာတပ်မှူးတွေထဲမှာ စီနီယာအကျဆုံး တပ်မှူးဖြစ်တယ်လို့ လက်ဘနွန် လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ပြောပါတယ်။
ဂါဇာစစ်ပွဲကနေ နှိုးဆွလိုက်တဲ့ ရန်လိုမှုတွေကြောင့် လက်နက်ကိုင် အင်အားကြီး ရန်ဘက်တွေအကြား ပိုကျယ်ပြန့်ပြီး ပျက်စီးယိုယွင်းလာနေတဲ့ ပဋိပက္ခအတွက် စိုးရိမ်ပူပန်မှုတွေ တိုးလာစေပြီးတော့ တင်းမာမှုတွေကို အရှိန်လျော့သွားစေဖို့ ရည်ရွယ်တဲ့ အမေရိကန် သံတမန်ရေး ကြိုးပမ်းမှုတွေကိုလည်း လှုံ့ဆော်ခဲ့ပါတယ်။
Source-Reuters