ပြင်သစ်နောက်ခံလူ ခွန်ဒီကို ယူရို သန်း ၆၀ နဲ့ ခေါ်ယူနိုင်ကြောင်း အာဆင်နယ်အသင်းဆီကို ဘာစီလိုနာအသင်းက ကမ်းလှမ်းသွားပါတယ်။
အာဆင်နယ်အသင်းဘက်ကလည်း ပြင်သစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ခွန်ဒီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အခြေအနေ ကျပ်တည်းနေတာကြောင့် ကစားသမားတချို့ကို ရောင်းထုတ်သွားရနိုင်ပြီး ခွန်ဒီဟာလည်း အရောင်းစာရင်းမှာ ပါဝင်လာခဲ့တာပါ။
စပိန်သတင်းစာ SPORT ကတော့ ဘာစီလိုနာအသင်းဟာ ခွန်ဒီကို အာဆင်နယ်ဆီရောင်းချဖို့ ဆန္ဒရှိပေမဲ့ တခြားနောက်ခံလူတဦးဖြစ်သူ အာရာဟို ထွက်ခွါမှသာ အပြီးသတ် ဆုံးဖြတ်ချက်ချမယ်လို့ သိရပါတယ်။