အာဆင်နယ်အသင်းဟာ အီတလီကလပ် ဘိုလော့ဂ်ညာနောက်ခံလူ ကာလီဖီအိုနီကို ယူရို ၄၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။
အသက် ၂၂ နှစ်ရှိ ကာလီဖီအိုနီဟာ ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာ အီတလီအသင်းအတွက် ၅ ပွဲ ကစားပေးခဲ့ပြီး အနာဂတ်မှာ ထွန်းတောက်လာမယ့် တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူပါ။
အာဆင်နယ်အနေနဲ့ ကနဦးပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၄၀ နဲ့အပါအဝင် နောက်ထပ် ယူရို ၅ သန်းထပ်မံပေးချေရမယ်လို့ သိရပါတယ်။
သူဟာ မနှစ်ကရာသီကမှ ဆွစ်ဇာလန်ကလပ် ဘေဆယ်ကနေ ပေါင် ၃ဒသမ ၄ သန်းနဲ့ ပြောင်းရွှေ့လာသူပါ။
အာဆင်နယ်ဆီကနေရရှိမယ့် ပြောင်းရွှေ့ကြေးရဲ့ ၅၀ ရာခိုင်နူန်းကို ဘေဆယ်အသင်းက ရရှိမယ်လို့ သိရပါတယ်။
ကာလီဖီအိုနီဟာ ဘယ်သန် ဗဟိုနောက်ခံလူဖြစ်ပြီး ဘယ်နောက်ခံလူအဖြစ်လည်း ထားကစားနိုင်တယ်လို့ သိရပါတယ်။