Home
အားကစား
မန်ယူပစ်မှတ် ဒီလစ် ဘိုင်ယန်အသင်း၏ တောင်ကိုရီးယားခရီးစဉ်တွင် မပါဝင် 
DVB
·
August 1, 2024
Photo -REUTERS

မန်ယူအသင်းကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်နောက်ခံလူ ဒီလစ်ဟာ တောင်ကိုရီးယားခရီးစဉ်မှာ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ 

ဘိုင်ယန်အသင်းဟာ Audi Summer Tour 2024 အဖြစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ စပါးအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွားမှာပါ။

အဲဒီရာသီကြိုခြေစမ်းခရီးစဉ် အတွက် ကစားသမား ၂၆ ဦးထုတ်ပြန်ခဲ့ရာမှာ နောက်ခံလူ ဒီလစ် ပါဝင်ခဲ့ခြင်းမရှိခဲ့တာပါ။ 

ဘိုင်ယန်အသင်းကတော့ ဒီလစ်အပါအဝင် ဟယ်ရီကိန်း၊ ဒေးဗီးစ်၊ ကိုမန်နဲ့ အူပါမီကာနို တို့ဟာယူရိုပြိုင်ပွဲ ကစားခဲ့ကြတာကြောင့် အားလပ်ရက်ပေးထားကြောင်း ထုတ်ပြန်ပါတယ်။

မန်ယူအသင်းဟာ ခံစစ်ပိုင်းအတွက် ပြင်သစ်နောက်ခံလူ လန်နီယိုရိုကိုခေါ်ယူခဲ့ပေမဲ့ ပွဲဦးထွက်ပွဲစဉ်မှာပဲ ဒဏ်ရာရရှိခဲ့တာကြောင့် လပိုင်းခန့်အနားယူရဖို့ရှိပါတယ်။

ဂျာမန်သတင်းစာ BILD ကတော့ ဒီလစ်အတွက် ပေါင်သန်း ၃၀ နဲ့ မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို ဘိုင်ယန်အသင်းကပယ်ချခဲ့တယ်လို့ ဖော်ပြပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024