မန်ယူအသင်းကနေ ထွက်ခွာခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဘရာဇီး လက်ရွေးစင် ကွင်းလယ်လူ အန်ဒရေပါရဲယားက ပြောသွားပါတယ်။
အသက် ၂၈ နှစ်ရှိ ဖူဟမ်ကွင်းလယ်ကစားသမားဟာ မနှစ်ကရာသီမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဘရာဇီးအသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ပါရဲယားဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ မန်ယူအတွက် ၇၅ ပွဲအထိ ကစားခဲ့ပြီး ဗလင်စီယာနဲ့ ဂရန်နာဒါ၊လာဇီယိုနဲ့ ဖလာမင်ဂိုအသင်းတွေမှာလည်း အငှားထွက်ကစားခဲ့ပါ သေးတယ်။
မန်ယူအသင်းမှာရှိစဉ်က ပျော်ရွှင်ခဲ့ရပေမဲ့ အသင်းကနေ ထွက်ခွါခဲ့တဲ့ဆုံးဖြတ်ချက်က ရာနူန်းပြည့် မှန်ကန်ပြီး ဘဝတလျှောက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ပါရဲယားက ပြောသွားပါတယ်။