ဘာစီလိုနာအသင်းဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဒမ်နီအော်လ်မိုကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။
နာမည်ကြီး ဘောလုံးဂျာနယ်လစ် ရိုမန်နိုရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ အော်လ်မိုအတွက် ပြောင်းရွှေ့ကြေးအနေနဲ့ ကနဦး ယူရို ၅၅ သန်း ပေးချေမှာဖြစ်ပြီး ၆ နှစ်စာချုပ် ချုပ်မယ်လို့ သိရပါတယ်။
စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ထပ်ဆောင်းဆုကြေး ယူရို ၇ သန်း ထပ်မံရရှိနိုင်မှာပါ။ ဘာစီလိုနာရဲ့ ငွေပေးချေမှုအရ အော်လ်မိုအတွက် ထပ်ဆောင်းဆုကြေး ရရှိနိုင်ဖို့က အလွန်ခက်ခဲမယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းကို ချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့ပြီး ဂိုးသွင်းများဆုံးဆုလည်း ပူးတွဲရရှိထားသူ ဖြစ်ပါတယ်။