ကစားသမားသစ်တွေကို အရေးတကြီးဝယ်ယူဖို့ မလိုအပ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးအသင်းမှာ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ကီဗင်ဒီဘရိုင်းနဲ့ အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်တို့က အသင်းပြောင်းဖို့ နီးစပ်နေတာပါ။
အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးမှ ခေါ်ယူနိုင်မယ့် အခွင့်အလမ်းကို စောင့်ကြည့်သွားရမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကစားသမားသစ် အရေးတကြီးဝယ်ယူဖို့ မလိုအပ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ ရေးဗားဗလိတ်အသင်းက အသက် ၁၈ နှစ်အရွယ် လူငယ်ကစားသမား အယ်လ်ချီဘာရီ တဦးတည်းသာ ခေါ်ယူထားတာ ဖြစ်ပါတယ်။
Photo-Reuters