Home
အားကစား
အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကို စာချုပ်သက်တမ်းတိုးရန် မန်ယူကြိုးပမ်း
DVB
·
August 12, 2024
Photo-Reuters

မန်ယူအသင်းဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပါတယ်။

အသက် ၂၉ နှစ်ရှိ ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့လပိုင်းက ဘိုင်ယန်မြူးနစ် အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သူပါ။

ဖာနန်ဒက်စ် ကိုယ်တိုင်ကလည်း သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ မတင်မကျ ပြောခဲ့တာကြောင့် အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ မန်ယူအသင်းက လုပ်ခလစာတိုးပြီး စာချုပ်သက်တမ်းတိုးပေးဖို့ လုပ်ဆောင်လာခဲ့တာပါ။

ဖာနန်ဒက်စ်ဟာ ၂၀၂၆ ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမဲ့ မန်ယူအသင်းက ကာလရှည် ဆက်ထိန်းထားချင်တာပါ။

သူဟာ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလက မန်ယူအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်း ပွဲ ၂၂၀ ကျော် ကစားခဲ့ရာမှာ ၇၃ ဂိုးသွင်းပြီး ၆၅ ကြိမ် ဂိုးဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024